ပင်လယ်နီအတွင်း ဟူသီတို့၏ ဖောက်ခွဲရေးပစ္စည်းတင်ရေယာဉ်ကို အစိုးရတပ်ဖွဲ့များ ဖျက်ဆီးခဲ့ကြောင်း ယီမင်အစိုးရ ပြောကြား
အေဒင် ဩဂုတ် ၃၁
ပင်လယ်နီအတွင်း ဟူသီတို့က
ရေယာဉ်များကို မတိုက်ခိုက်နိုင်မီ ၎င်းတို့၏ အဝေးထိန်းစနစ်သုံး ဖောက်ခွဲရေးရေယာဉ်တစ်စင်းကို အစိုးရတပ်ဖွဲ့များက ဖျက်ဆီးနိုင်ခဲ့ကြောင်း ယီမင်အစိုးရက ဩဂုတ် ၃၀ ရက်တွင်
ပြောကြားသည်။
လက်နက်ကိုင်တပ်ဖွဲ့များက
စစ်ဆင်ရေး၏ အသေးစိတ်အချက်အလက်များကို ထပ်မံထုတ်ပြန်ခြင်း မရှိသေးသော်လည်း အဆိုပါရေယာဉ်
ရည်မှန်းထားသည့် ပစ်မှတ်များထံမရောက်ရှိမီ ကြားဖြတ်တိုက်ခိုက်၍ ဖျက်ဆီးနိုင်ခဲ့ကြောင်း နိုင်ငံပိုင် ဆာဘာ တီဗွီရုပ်သံလိုင်းက ပြောကြားသည်။
ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ဟူသီတို့က မည်သည့်မှတ်ချက်မျှ ပြောဆိုခြင်းမရှိသေးပေ။
ဟူသီအုပ်စုက မာရစ်ဘ်နှင့် အနောက်ဘက် ပင်လယ်နီကမ်းရိုး
တန်းတစ်လျှောက် အစိုးရထိန်းချုပ်ထားသည့် နေရာများ ကို ဒုံးကျည်များနှင့် ဒရုန်းများဖြင့်
တိုက်ခိုက်မှုများလုပ်ဆောင်နေစဉ် အစိုးရတပ်ဖွဲ့များကလည်း ဟူသီတို့၏ တည်နေရာများကို
ဒရုန်းနှင့် အမြောက်များဖြင့် တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြောင်းနှင့် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အစိုးရတပ်ဖွဲ့များနှင့် ဟူသီတို့အကြား တိုက်ပွဲများ ပြင်းထန်လာခဲ့ကြောင်း သိရသည်။
ဆင်ဟွာ

No comments