ဟော်မုဇ်ရေလက်ကြားတွင် လမ်းကြောင်းသစ်ဆိုင်ရာ မြေပုံသတ်မှတ်ရေး အီရန်နှင့် အိုမန် သဘော တူညီချက်ရရှိ
တီဟီရန် ဩဂုတ်
၁၇
ဟော်မုဇ်ရေလက်ကြား ရေကြောင်းသွားလာရေးအတွက်
လမ်းကြောင်းသစ်ဆိုင်ရာ မြေပုံသတ်မှတ် ရေး အီရန်နှင့် အိုမန်နိုင်ငံတို့သဘောတူညီခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ အစ္စမေးဗဂါအီက ဩဂုတ် ၁၇
ရက်တွင် ပြောကြားသည်။
ဟော်မုဇ်ရေလက်ကြားတွင် စိတ်ချရသည့်
လမ်းကြောင်းသစ်သတ်မှတ်ရေး အီရန်နှင့် အိုမန်အကြား ဆွေးနွေးမှုများနှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေများကို
တီဟီရန်တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌ ဖြေကြားရာတွင် ၎င်းက အထက်ပါပြောကြားခြင်းဖြစ်သည်။
နှစ်နိုင်ငံအကြား လက်ရှိအချိန်တွင်
နောက်ဆုံးသဘောတူညီချက် ထုတ်ပြန်ရေးဆောင်ရွက်နေပြီး ၎င်းသဘောတူညီချက်အရ လမ်းကြောင်းသစ်ဆိုင်ရာ မြေပုံနှင့်
ပူးတွဲကြေညာချက်တို့ကို ထုတ်ပြန် မည်ဟု သိရသည်။
ဟော်မုဇ်ရေလက်ကြား လမ်းကြောင်းသစ်သတ်မှတ်ရာတွင် ဝင်ရောက်စွက်ဖက်ဆောင်ရွက်လိုသည့် အဖွဲ့အစည်းများရှိကြောင်း ၎င်းကပြောကြားသည်။
အီရန်နှင့် အိုမန်အနေဖြင့်
အထက်ပါအရေးကိစ္စဆိုင်ရာ အမြင်များ ဖလှယ်ခြင်းကို ဆောင်ရွက်နေပြီး မိမိတို့၏အကျိုးနှင့်
နိုင်ငံတကာရေကြောင်းသွားလာရေးဆိုင်ရာ အကျိုးများအတွက် စဉ်းစား ဆောင်ရွက်နေကြောင်း အီရန်တာဝန်ရှိသူက
ပြောကြားသည်။
အီရန်နှင့် အမေရိကန်အကြား
ရရှိခဲ့သည့် သဘောတူညီချက်အရ နျူကလီးယားအရေးနှင့် ပိတ်ဆို့ အရေးယူမှုများဖယ်ရှားရေး
ဆွေးနွေးရန်ဖြစ်သော်လည်း အဆိုပါသဘောတူညီချက်ကို အမေရိကန် က ချိုးဖောက်နေခြင်းကြောင့်
ဆွေးနွေးမှုများ ပြန်လည်စတင်မည်မဟုတ်ကြောင်း ၎င်းက ပြောကြား သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ

No comments