ကံမမြို့နယ် ကိုင်းဒေါင့်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး




ကံမ ဩဂုတ် ၂၁


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကညင်တိုင်းကျေးရွာအုပ်စု၊ ကိုင်းဒေါင့်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တတိယအကြိမ် ထုတ်ချေးခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်‌ကြောင်း သိရသည်။


ရှေးဦးစွာ ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းကိုနိုင်ကကိုင်း‌ဒေါင့်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့်ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်‌စေရန် ရည်ရွယ်၍ ရန်ပုံငွေများ ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းကမြစိမ်းရောင်ကျေးရွာစီမံကိန်းလက်စွဲစာစောင်ပါ ညွှန်ကြားချက် များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး ဦးစီးအရာရှိက ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေများ လွှဲပြောင်းပေးအပ်သည်။


ထို့နောက် ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ကိုင့်ဒေါင့်ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၅၉ဦးကို ငွေကျပ် ၁၈ ဒသမ ၂သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၃ ဦးကို ငွေကျပ် ၃ ဒသမ ၁၅သန်း၊ ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူ လေးဦးကို ငွေကျပ် ၁ ဒသမ ၂၅သန်း၊ အသေးစား စက်မှုလက်မှုလုပ်ငန်း လုပ်ကိုင်သူ သုံးဦးကို ငွေကျပ် ၀ ဒသမ ၉သန်း၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၇၉ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၂၃ ဒသမ ၅သန်း ထုတ်ချေးပေးခဲ့ ကြောင်း သိရသည်။


နော်လူး

No comments

Powered by Blogger.