တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တတိယပုံမှန်အစည်းအဝေး သတ္တမနေ့ကျင်းပ၊ ကြယ်ပွင့်ပြမေးခွန်း ၁၁ ခုကို သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များ ပြန်လည်ဖြေကြား

 


ရန်ကုန် ဩဂုတ် ၂၄

 

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တတိယပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၁၁ ဦး၏ ကြယ်ပွင့်ပြမေးခွန်း ၁၁ ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားကြသည်။

 

အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးတက်ရောက်မှု အခြေအနေကို လွှတ်တော်သို့တင်ပြပြီး အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်းတင်သည်။

 

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆွေးနွေးပြီး တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့ကို ရပ်နားလိုက်ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.