ကွမ်းခြံကုန်းမြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပ



ကွမ်းခြံကုန်း ဩဂုတ် ၂၃


ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် ဆူးကလပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။


ပြည်သူ့စကားဝိုင်း ကျင်းပရာတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကြည်လင်းစိုး က အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အကြောင်းအရာများ၊ မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းယုမွန်က သမဝါယမစနစ်ကို အခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေးစနစ် (CBFP) စီမံကိန်းအကြောင်းအရာများ၊ မြို့နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုသီတာလင်းက ကျေးလက်ဒေသဖွံ့ဖြိုးရေး အကြောင်းအရာများနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးတင်လေးက တစ်ဧကပန်းတိုင်အထွက်နှုန်း ရရှိဖို့ မျိုးကောင်းမျိုးသန့်မျိုးစေ့ထုတ်လုပ်စို့ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

 

ဆွေနွယ်(ပြန်/ဆက်)

No comments

Powered by Blogger.