ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၌ (၁၁)ကြိမ်မြောက် ဒါနဥပပါရမီ စုပေါင်းမေတ္တာသွေးလှူဒါန်းပွဲ ကျင်းပ
ရန်ကုန် သြဂုတ် ၂၃
(၁၁)ကြိမ်မြောက် ဒါနဥပပါရမီ စုပေါင်းမေတ္တာသွေးလှူဒါန်းပွဲကို
ယနေ့နံနက် ၉ နာရီတွင် ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်ဆိပ်ကမ်း လုပ်သားပေါင်းစုံဓမ္မာရုံ၌
ကျင်းပရာ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် အလှည့်ကျ သဘာပတိ ဂေါပကအဖွဲ့ဝင်
ဦးစိန်သန်းက သွေးလှူဒါန်းပွဲ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ပြောကြားကာ ရန်ကုန်ဆေးရုံကြီး
အမျိုးသား သွေးလှူဌာနမှ တာဝန်ခံဆရာဝန် ဒေါက်တာ နွယ်နွယ်ဦးက သွေးလှူဒါန်းရခြင်းနှင့်
ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သွေးလှူဒါန်းကြမည့် စေတီတော်ဂေါပကရုံးမှ
ဝန်ထမ်းများနှင့် ဘုရားဖူးလာ သွေးအလှူရှင် ပြည်သူများအား အမျိုးသားသွေးလှူဌာနမှ တာဝန်ခံ
ဆရာဝန်များနှင့် ကျန်းမာရေး ဝန်ထမ်းများက သွေးအမျိုးအစား ခွဲပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ
များစစ်ဆေးပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးကြသည်။
ပေးအပ်လှူဒါန်း
ထို့ပြင် ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက
ဂေါပကရုံး ဝန်ထမ်းများနှင့် ဘုရားဖူးလာ သွေးအလှူရှင်များက သွေးလှူဒါန်းနေမှုကို ကြည့်ရှုအားပေးကြပြီး
သွေးလှူဒါန်းကြသည့် သွေးလှူရှင် များအား ထီး၊ အအေး၊ ကြက်ဥ၊ နွားနို့ စသည့် အာဟာရအစားအစာများ၊
အမျိုးသားသွေးလှူဌာနမှ သံဓာတ်အားဆေးစသည်တို့ကို ပေးအပ်လှူဒါန်းကြသည်။
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်
ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူး၍ ဂေါပကအဖွဲ့ရုံးဝန်ထမ်းများနှင့် ဘုရားဖူးလာပြည်သူများက
ဒါန ဥပပါရမီ စုပေါင်းမေတ္တာ သွေးလှူဒါန်းပွဲကို ပထမအကြိမ်မှ ဒသမအကြိမ်အထိ ကျင်းပရာ
သွေးအလှူရှင်များ၏ စုစုပေါင်း သွေးအိတ် ၁၁၇၀ ကို သွေးလှူ ဌာနသို့ ကုသိုလ်ပြုလှူဒါန်းနိုင်ခဲ့ပြီးဖြစ်ကြောင်း
သိရသည်။
သတင်းစဉ်

No comments