မြောင်းမြမြို့၌ လူငယ်စကားဝိုင်းကျင်းပ
မြောင်းမြ သြဂုတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင်
လူငယ်စကားဝိုင်းကို သြဂုတ် ၁၈ ရက်က စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် မြောင်းမြမြို့ စိုက်ပျိုးရေးနှင့်
မွေးမြူရေးသိပ္ပံကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်က အမှာစကားပြောကြားပြီး မြောင်းမြခရိုင်
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းနွဲ့သိင်္ဂီက
လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ စိုက်ပျိုးရေးနှင့်
မွေးမြူရေးသိပ္ပံကျောင်းမှ ကျောင်းသား ကျောင်းသူများက ခေတ်လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်ပညာ၊
လူငယ်နှင့်ဝီရိယ၊ လူငယ်နှင့်လေးစားအပ်သောဆရာများ စသည့်ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးခဲ့ကြောင်း
သိရသည်။
ဇေယျာ(ပြန်/ဆက်)

No comments