ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် တရုတ်ပြည်သူ့သမ္မတနိုင်ငံ CHEC မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ



နေပြည်တော် ဩဂုတ် ၂၁

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ China Communications Construction Company (CCCC) ၏ ကုမ္ပဏီဖြစ်သည့် China Harbour Engineering Company Ltd. - CHEC မှ မန်နေဂျင်းဒါရိုက်တာ Mr. Meng Wei ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာနရှိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်

တွေ့ဆုံစဉ် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာပူးပေါင်းဆောင်ရွက်ရေး၊ CHEC (Myanmar) Talent Development Centre နှင့် CHEC Global BIM Centre အစီအစဉ် (၂) ရပ်ဖြစ်သော လူသားအရင်းအမြစ်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရန်၊ Digital နည်းပညာအသွင်ကူးပြောင်းသော နိုင်ငံတကာစီမံကိန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

သတင်းစဉ်

No comments

Powered by Blogger.