မြန်မာ-ဘယ်လာရုစ် ကျန်းမာရေးဝန်ကြီးများ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ တွေ့ဆုံဆွေးနွေး



နေပြည်တော် ဩဂုတ် ၂၁

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်တွင် လိုက်ပါလာသည့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ဘယ်လာရုစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး Mr. Aliak-sandr Khajayeu နှင့် ယမန်နေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် Belarusian State Medical University ၌ တွေ့ဆုံဆွေးနွေးသည်။


တွေ့ဆုံပွဲတွင် နှစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးများသည် နှစ်နိုင်ငံအကြား ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်သည့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြပြီး Belarusian State Medical University တွင် ကျောင်းသားများ ပညာသင်ကြားရေးနှင့်ပတ်သက်သည်များကို လေ့လာကြည့်ရှုကာ ဆေးရုံများကို လှည့်လည်ကြည့်ရှုကြသည်။


ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့တွင် တည်ရှိသည့် Belarusian State Medical University သည် နိုင်ငံအတွင်း သက်တမ်းအရှည်ဆုံးနှင့် အဓိကကျသည့် ဆေးတက္ကသိုလ်တစ်ခုဖြစ်ကြောင်း၊ အဆိုပါဆေးတက္ကသိုလ်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တွင် စာရင်းဝင်ထားပြီး နိုင်ငံတကာဆေးကောင်စီများက အသိအမှတ်ပြုထားသော တက္ကသိုလ်တစ်ခုဖြစ်ကာ နိုင်ငံတကာကျောင်းသားများအတွက် ဆေးပညာနှင့် သွားဘက်ဆိုင်ရာဆေး ပညာဘာသာရပ်များကို အင်္ဂလိပ်ဘာသာစကားဖြင့် တိုက်ရိုက်သင်ကြားပေးသည့် ဆေးတက္ကသိုလ်တစ်ခုဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.