တာချီလိတ်မြို့၌ Extension မီးကြိုးအပူလွန်ကဲရာမှ နေအိမ်အတွင်းမီးလောင်မှုဖြစ်ပွား




တာချီလိတ်    ဩဂုတ်  ၄


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းကျေးရွာ၌ ယနေ့ နံနက်ပိုင်းက Extension မီးကြိုးအပူလွန်ကဲရာမှ နေအိမ်အတွင်း မီးလောင်မှုဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်မှာ မယ်ယန်းကျေးရွာရှိ နေအိမ်တစ်အိမ်တွင် Extension မီးကြိုးဖြင့် ပန်ကာအသုံးပြု ရာမှ  အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး သတင်းရရှိသည်နှင့် တာချီလိတ်ခရိုင် မီးသတ်ဦးစီးမှူး ဦးလှမင်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ် (၁)စီးနှင့် အုပ်ချုပ်မှုယာဉ် (၁)စီးတို့ဖြင့် မီးလောင်မှုဖြစ်ပွားရာသို့ ထွက်ခွာခဲ့ရာ ရပ်ကွက်နေပြည်သူများ၏ ဝိုင်းဝန်းကူညီငြိမ်းသတ်မှုကြောင့် နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။


မီးလောင်မှုကြောင့် ဦးအိုက်သာ၏ အလျား ၄၀ ပေ၊ အနံ ၄၀ ပေ နေအိမ်အတွင်းရှိ ပန်ကာ၊ Extension မီးကြိုး၊ အသုံးအဆောင်ပစ္စည်းအချို့ မီးလောင်ပျက်စီးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိကြောင်းနှင့် ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ကျော်ဇေယျာလင်း

တာချီလိတ်ခရိုင်(ပြန်/ဆက်)


No comments

Powered by Blogger.