ရမည်းသင်းမြို့နယ် မြတ်ပညာငွေစုငွေချေးနှင့် ပညာရေး (GEC) သမဝါယမအသင်း နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
ရမည်းသင်း ဩဂုတ် ၃၀
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် မြတ်ပညာ ငွေစုငွေချေးနှင့် ပညာရေး (GEC)သမဝါယမ အသင်းတို့၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမအသင်းစု သက်တံရောင်အစည်းအဝေး ခန်းမ၌ ကျင်းပရာ မြတ်ပညာ ငွေစုငွေချေး သမဝါယမအသင်း ဥက္ကဋ္ဌက သဘာပတိအဖြစ် ဆောင်ရွက်သည်။
အစည်းအဝေးသို့ မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ၊ မြို့နယ် သမဝါယမအသင်းစု ဥက္ကဋ္ဌ၊ မြတ်ပညာငွေစုငွေချေးနှင့် ပညာရေး(GEC ) သမဝါယမ အသင်းတို့မှ အမှုဆောင်အဖွဲ့များနှင့် အသင်းသား/ အသင်းသူများ တက်ရောက်ပြီး အမှုဆောင်အဖွဲ့က အသင်း၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်း၊ ရှေ့လုပ်ငန်းစဉ် အစီအစဉ်များကို ဖတ်ကြားတင်သွင်းပြီး တက်ရောက် လာသူများက ကန့်ကွက်မှုမရှိ ထောက်ခံကြသဖြင့် သဘာပတိက အတည်ပြုပေးခဲ့ကာ အစုပေါ် အမြတ်နှင့် စုဆောင်းငွေပေါ် အတိုးများ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ကိုဇော်(ရမည်းသင်း)

No comments