MFF ယူ-၁၉ ဖူဆယ်လိဂ်ပြိုင်ပွဲတွင် Pacific Sun Far အသင်း အမှတ်ဖြတ်ဦးဆောင်

 


ရန်ကုန်  ဩဂုတ်  ၂၆

MFF ယူ-၁၉  ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်()ကို  သြဂုတ် ၂၆ ရက်က  ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပရာ Pacific Sun Far အသင်း အမှတ်ဖြတ်ဦးဆောင်နိုင်ခဲ့သည်။

ပွဲစဉ် () တွင် JV အသင်းက Royal Noka အသင်းကို သုံးဂိုး - တစ်ဂိုး၊ Pacific Sun Far အသင်းက MIU အသင်းကို ငါးဂိုး - တစ်ဂိုး၊ YRG အသင်းက United City အသင်းကို ကိုးဂိုး-နှစ်ဂိုး၊ ULAD အသင်းက ရွှေပြည်သာယူနိုက်တက် အသင်းကို ၁၂ ဂိုး - ဂိုးမရှိ၊ YCDC Dream Team အသင်းက Gold Dream အသင်းကို ငါးဂိုး-နှစ်ဂိုး၊ မင်္ဂလာဒုံစီးတီး အသင်းက Burmese Warriors အသင်းကို ခြောက်ဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိသည်။ Pacific Sun Far အသင်းသည် ငါးမှတ်အသာဖြင့် ဦးဆောင်နေပြီး နှစ်ပွဲဆက်နိုင်ပွဲပျောက်ခဲ့သည့် MIU အသင်းသည် အဆင့်()နေရာအထိ ဆင်းပေးခဲ့ရသည်။ 

ပွဲစဉ် ၉ အပြီးတွင် Pacific Sun Far အသင်းက ၂၇ မှတ်၊ YRG အသင်းနှင့် YCDC Dream Team အသင်းက ၂၂ မှတ်စီ၊ MIU အသင်းက ၂၁ မှတ်၊ ULAD အသင်းက ၁၈ မှတ်၊ JV အသင်းက ၁၆ မှတ်၊ Gold Dream အသင်းက ၁၅ မှတ်၊ United City အသင်းနှင့် Royal Noka အသင်းက ခြောက်မှတ်စီ၊ မင်္ဂလာဒုံစီးတီးအသင်းနှင့်  ရွှေပြည်သာယူနိုက်တက်အသင်းက သုံးမှတ်စီရရှိထားပြီး Burmese Warriors အသင်းမှာမူ အမှတ်မရသေးပေ။                

သတင်း-ရှိုင်းထက်ဇော်

ဓာတ်ပုံ-MFF

No comments

Powered by Blogger.