ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး Mr. Tor Saralamba အား လက်ခံတွေ့ဆုံ




နေပြည်တော် ဩဂုတ် ၂၈


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး Mr. Tor Saralamba အား ညနေ ၃ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။


ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးအား မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ထိုင်းနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောကြားပြီး နိုင်ငံတော်သမ္မတ၏ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အတွင်း နှစ်ဖက်သဘောတူညီခဲ့ကြသည့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံနှင့် ပြည်သူများအကြား ကာလရှည်ကြာ တည်ရှိပြီးဖြစ်သော ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးတိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား တည်ထောင်ထားရှိသည့် ယန္တရားများပြန်လည်စတင်ရေး၊ နှစ်နိုင်ငံနယ်စပ်များ တည်ငြိမ် အေးချမ်းရေးအတွက် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရေး၊ အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.