မြန်မာ-ကိုရီးယား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး ဖိတ်ခေါ်




နေပြည်တော် ဩဂုတ် ၂၈


မြန်မာ-ကိုရီးယား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ဖိတ်ခေါ်သည့်ဆွေးနွေးပွဲ 3rd Life and Safety Seminar ကို ယနေ့တွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ ကျင်းပသည်။


ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရှိ ကိုရီးယားအသိုက်အဝန်း၏ လုံခြုံရေး၊ ဥပဒေရေးရာ ကာကွယ်စောင့်ရှောက်မှု၊ ဘဏ္ဍာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာကိစ္စရပ်များနှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုလုပ်နေကြသော ကိုရီးယားလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများ ဆက်လက်တိုးချဲ့ရေးနှင့် လုပ်ငန်းရှင်အသစ်များ ဖိတ်ခေါ်ပေးနိုင်ရေး ဆွေးနွေးခဲ့သည်။


ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးဝင်းလှိုင်ဦးနှင့် ဒေါက်တာဆွေဆွေအောင်၊ မြန်မာနိုင်ငံတွင်နေထိုင်လျက်ရှိသော ကိုရီးယားလူမျိုး ၅၀ တက်ရောက်ကြပြီး The Korea Association in Myanmar ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြား၍ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းလှိုင်ဦးက "Residency and Legal Protection for Korean Residents in Myanmar" ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားကာ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.