ကမ္ဘာ့အဆင့်(၂) တင်းနစ်မယ် ရီဘာကီနာ National Bank Open တင်းနစ်ပြိုင်ပွဲ ၃၂ ဦးအဆင့် တက်ရောက်
လက်ရှိကမ္ဘာ့အဆင့် (၂) နာမည်ကြီး ကာဇက်စတန်တင်းနစ်မယ် အယ်လီနာရီဘာကီနာသည် National Bank Open တင်းနစ်ပြိုင်ပွဲ
၆၄ ဦးအဆင့်တွင် ဩစတြေးလျတင်းနစ်မယ် ဒါရီယာ
ကာဆက်ကီနာကို အကြိတ်အနယ်ယှဉ်ပြိုင်ပြီး ၆-၃၊
၅-၇၊ ၆-၄ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ၃၂ ဦး အဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြောင်း သိရသည်။
ရီဘာကီနာသည် ယခုပြိုင်ပွဲမတိုင်မီ
နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ဝင်ဘယ်ဒန်အိုးပင်းပြိုင်ပွဲတွင် တတိယအဆင့်အထိသာ တက်လှမ်းနိုင်ခဲ့သည်။
အဆိုပါပြိုင်ပွဲသည် WTA 1000 အဆင့်ရှိ ပြိုင်ပွဲ အမျိုးအစားဖြစ်ပြီး ပဲဂူလာ၊ ဖာနန်ဒက်စ်၊
အန်ဒရေဗာ၊ အိုဆာကာ၊ အယ်လာ၊ ယိုဗစ်ချ်၊ ဘင်းဆစ်၊ ကိုကိုဂေါ့ဖ်၊ ဆာဘယ်လင်ကာ စသည့် ထိပ်တန်းတင်းနစ်မယ်များ
ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။
ရီဘာကီနာသည် ၃၂ ဦး အဆင့်တွင် အမေရိကန်တင်းနစ်မယ် အန်းလီနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အန်းလီသည် ၆၄
ဦးအဆင့်တွင် ကနေဒါတင်းနစ်မယ် ကေလာခရော့စ်နှင့် တွေ့ဆုံခဲ့ပြီး ၇-၆ (၇-၃)၊ ၇-၅ ရလဒ်ဖြင့်
နိုင်ပွဲရရှိကာ ၃၂ ဦးအဆင့် တက်လှမ်းလာသူဖြစ်သည်။
အောင်ဇော်

No comments