ယခုနှစ် ကမ္ဘာလုံးဆိုင်ရာ ရေနံလိုအပ်ချက် တစ်ရက်လျှင် ရေနံစည် ခြောက်သိန်းတိုးလာနိုင်ဟု OPEC ခန့်မှန်း



ဗီယင်နာ   ဩဂုတ်  ၁၂

ကမ္ဘာလုံးဆိုင်ရာ   ရေနံလိုအပ်ချက်မှာ   ယမန်နှစ်ထက်   ယခုနှစ်တွင် တစ်ရက်လျှင် ရေနံစည်ပေါင်း ၆၀၀၀၀၀ အထိ တိုးလာမည်ဟု ခန့်မှန်းထားသော်လည်း ယင်းပမာဏမှာ ယခင်လက အကဲဖြတ် တွက်ချက်မှုထက် လျော့နည်းသွားကြောင်း ရေနံတင်ပို့သည့် နိုင်ငံများအဖွဲ့ (OPEC) က ဩဂုတ် ၁၂ ရက်တွင် ပြောသည်။

OPEC အဖွဲ့သည် ၎င်းတို့၏ နောက်ဆုံးထုတ်ပြန်သော လစဉ်ရေနံ ဈေးကွက်   အစီရင်ခံစာတွင်  ထိုကဲ့သို့ ခန့်မှန်းထားခြင်းဖြစ်သည်။ ဇူလိုင်လထုတ် ယခင်အစီရင်ခံစာတွင် အဆိုပါအဖွဲ့က ယခုနှစ် အတွင်း ယမန်နှစ်ထက်   ကမ္ဘာလုံးဆိုင်ရာရေနံလိုအပ်ချက်မှာ   တစ်ရက်လျှင် ရေနံစည် ၈၀၀၀၀၀ အထိ တိုးလာမည်ဟု ခန့်မှန်းတွက်ချက်ခဲ့သည်။

ယခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ   ရေနံလိုအပ်ချက်ခန့်မှန်းမှု လျော့နည်းခဲ့သော်လည်း အစီရင်ခံစာ က ၂၀၂၇ ခုနှစ်အတွက် ခန့်မှန်းမှုကို ဆက်လက်တိုးမြှင့်သတ်မှတ်ခဲ့သည်။ ၂၀၂၇ ခုနှစ်တွင်  ကမ္ဘာလုံး ဆိုင်ရာ ရေနံလိုအပ်ချက်မှာ တစ်ရက်လျှင် ရေနံစည် ၂ ဒသမ ၂ သန်းခန့်အထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။ ယင်းမှာ ယခင်ခန့်မှန်းထားသည့် တစ်ရက်လျှင် ရေနံစည် ၁ ဒသမ ၉ သန်းထက် မြင့်တက်လာခြင်းဖြစ်သည်။                                                             

ဆင်ဟွာ

No comments

Powered by Blogger.