ကိုလံဘီယာ၌ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၁၈၀ ကျော်လာပြီး အသက်ရှင်ကျန်ရစ်သူများ အား အပျက်အစီးများကြား ရှာဖွေလျက်ရှိ



ဘိုဂိုတာ  ဩဂုတ်  ၁၂

ကိုလံဘီယာနိုင်ငံ၌ ဩဂုတ် ၁၀ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့်  သေဆုံးသူ  ၁၈၀ ကျော်လာပြီး  အရေးပေါ်ကယ်ဆယ်ရေးလုပ်သားများမှာ အပျက်အစီးများကြားတွင် အသက်ရှင်ကျန်ရစ်သူများအား ရှာဖွေရန် အချိန်နှင့်အမျှ ကြိုးပမ်းလုပ်ဆောင်နေရကြောင်း သိရသည်။

ကုလသမဂ္ဂက   ယင်းငလျင်ကြောင့် လူပေါင်း ၁၈၂ ဦး သေဆုံး ပြီး  ၁၉၅  ဦး   ပျောက်ဆုံးနေ ကြောင်းနှင့်လူပေါင်း ၂၅၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိကြောင်း ပြောသည်။ ငလျင်ဒဏ်သင့်ဒေသ အချို့မှာ တောင်ပေါ်ဒေသများဖြစ်ခြင်းနှင့် နေရာအများအပြားတွင် ဆက်သွယ်ရေးလိုင်းများ  ပြတ် တောက်နေခြင်းတို့ကြောင့် ပျက်စီးဆုံးရှုံးမှုအတိအကျသိရှိရန် အချိန်ကြာမြင့်နိုင်ကြောင်း လေ့လာသူ များက ပြောသည်။

နိုင်ငံ၏ အနောက်ပိုင်းကို ဗဟိုပြုကာ ဩဂုတ် ၁၀ ရက် ဒေသစံတော်ချိန်  နံနက်    နာရီခွဲ ဝန်းကျင်တွင် ပြင်းအား ၇ ဒသမ ၄ အဆင့်ရှိ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ပြင်းထန် သော ငလျင်လှုပ်ခတ်မှုကြောင့် ငလျင်ဗဟိုချက်ဝန်းကျင်နှင့် အနောက်တောင်ဘက်ဒေသများ အပါအဝင် ဒေသအများအပြားရှိ  အဆောက်အအုံများ   ပြိုကျပျက်စီးခဲ့သည်။ 

အင်န်အိတ်ချ်ကေ

No comments

Powered by Blogger.