နယ်သာလန်၌ ကာလရှည်ကြာ မိုးခေါင်မှုနှင့် ကြုံတွေ့နေရ
သည်ဟိတ် ဩဂုတ် ၁၂
နယ်သာလန်နိုင်ငံ၌ ကာလရှည်ကြာ မိုးခေါင်မှုနှင့် ကြုံတွေ့နေရပြီး ရေချိုထိန်းသိမ်းရန်နှင့် ဖြန့်ဖြူးရန်တို့မှာ
ဖိအားများအောက် ရောက်ရှိနေကြောင်း အခြေခံအဆောက်အအုံနှင့် ရေအရင်း အမြစ် စီမံခန့်ခွဲမှုဝန်ကြီးဌာနက
ဩဂုတ် ၁၂ ရက်တွင် ပြောသည်။ အပတ်စဉ် မိုးခေါင်မှု စောင့်ကြည့်ရေးအစီရင်ခံစာတွင် အဆိုပါအခြေအနေကို
ဆိုးရွားသည့်အခြေအနေဟု ဖော်ပြထား သည်။
ဂျာမနီနိုင်ငံမှ နယ်သာလန်နိုင်ငံသို့
စီးဝင်လာသည့် ရိုင်းမြစ်ရေသည် လိုဘစ်သ်ကျေးရွာသို့ ရောက်ရှိ ချိန်တွင် ရေစီးဆင်းမှုမှာ တစ်စက္ကန့်လျှင် ၆၁၅ ကုဗမီတာအထိ ကျဆင်းနေပြီး အနိမ့်ဆုံးစံချိန်ဖြစ်
ကြောင်း သိရသည်။ မြစ်ရေစီးဆင်းမှုနည်းပါးခြင်းသည် ဒီဇင်ဘာလအထိ ဆက်လက်တည်ရှိ နေဦးမည်ဖြစ်ပြီး
လာမည့်သီတင်းပတ်အတွင်း ပူနွေးသည့် ရာသီဥတုနှင့်
မိုးရွာသွန်းမှုအနည်းငယ် ရှိလာမည်ဟု ခန့်မှန်းထားသည်။
ကာလရှည်ကြာမိုးခေါင်မှုကြောင့်
စိုက်ပျိုးရေးနှင့် ဂေဟစနစ်တွင် ထိခိုက်မှုများ
တိုးလာပြီး အချို့ ဒေသများ၌ သီးနှံများပျက်စီးခြင်းနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းတို့ ဖြစ်ပေါ်လျက်ရှိသည်။ ရေအရည်အသွေးမှာလည်း ကျဆင်းလာပြီး
စိမ်းပြာရေညှိများ ပေါက်ပွားလာခြင်းကြောင့် အချို့ဒေသ များတွင် ငါးသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဖော်ပြထားသည်။
ဆင်ဟွာ

No comments