ဖိလစ်ပိုင်၌ ရေကြီးမှုကြောင့် ရေမှတစ်ဆင့် ကူးစက်ရောဂါများဖြစ်ပွားနိုင်ဟု ကျန်းမာရေး အာဏာပိုင်များ သတိပေး
မနီလာ ဩဂုတ်
၁၂
ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း၌ ရေလွှမ်းမိုးမှုဖြစ်ပေါ်ပြီးနောက် ရေမှတစ်ဆင့် ကူးစက်သည့်ရောဂါများ ဖြစ်ပွားနိုင်မှုကို
ဖိလစ်ပိုင်ကျန်းမာရေးအာဏာပိုင်များက သတိပေးချက်ထုတ်ပြန်ထားကြောင်း ပြည်တွင်း မီဒီယာတွင် ဩဂုတ် ၁၂ ရက်က ဖော်ပြထားသည်။
အနောက်တောင်မုတ်သုံလေကြောင့်
မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုများ ဆက်လက်ဖြစ်ပေါ် နေသဖြင့် ကျန်းမာရေးအန္တရာယ်များ
မြင့်တက်လာနိုင်ကြောင်း ဖိလစ်ပိုင်နိုင်ငံ အနောက်မြောက်ပိုင်း အီလို ကိုစ်ဒေသရှိ ကျန်းမာရေးစင်တာက
သတိပေးထားသည်။ မိုးရာသီတွင် ကူးစက်ပျံ့နှံ့လေ့ရှိသည့် တုပ်ကွေး၊ လက်ပ်တိုစပိုင်ရိုစစ်နှင့်
သွေးလွန်တုပ်ကွေးရောဂါတို့ကို သတိပြုကြရန် ဒေသခံများအား တိုက်တွန်းထားကြောင်း အီလိုကိုစ်ဒေသဆိုင်ရာ ကျန်းမာရေးညွှန်ကြားရေးမှူး ဒေါက်တာ ဟယ်လင်ဒီတိုဗိုင်းရပ်စ်က
ပြောသည်။
ဆင်ဟွာ

No comments