တူကီယဲ လေတပ်ပိုင် F-16 တိုက်လေယာဉ် လေ့ကျင့်ပျံသန်းစဉ် ပျက်ကျ
အင်ကာရာ ဩဂုတ် ၁၂
တူကီယဲ လေတပ်ပိုင် F-16 တိုက်လေယာဉ်တစ်စင်းသည်
ဩဂုတ် ၁၂ ရက်က လေ့ကျင့်ပျံသန်းစဉ် တူကီယဲနိုင်ငံ အနောက်မြောက်ပိုင်းရှိ ယာလိုဗာပြည်နယ်၌ ပျက်ကျခဲ့သော်လည်းလေယာဉ်မှူးမှာ
အသက်ရှင် လွတ်မြောက်ခဲ့ကြောင်း တူကီယဲကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာနက လူမှုကွန်ရက်ပေါ်တွင်
ထုတ်ပြန်သည့် ကြေညာချက်တွင် လေယာဉ် သည် ပုံမှန်လေ့ကျင့်ရေးမစ်ရှင်တစ်ခု
ဆောင်ရွက်နေစဉ် ပျက်ကျခဲ့ကြောင်း ဖော်ပြထားပြီး လေယာဉ်မပျက်ကျမီ လေယာဉ်မှူးသည် အရေးပေါ်ထွက်ခွာနိုင်ခဲ့သဖြင့်
အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။ ပျက်ကျရသည့်အကြောင်းရင်းကို အသေးစိတ်စုံစမ်းစစ်ဆေးမှုများ ပြုလုပ် ပြီးနောက် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက
ပြောသည်။
ပျက်ကျမှုဖြစ်ပွားပြီးနောက်
လူနာတင်ယာဉ်များနှင့် ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့များ သည် အခင်းဖြစ်ပွားရာနေရာသို့
ချက်ချင်းရောက်ရှိလာခဲ့ကြောင်း ဒေသတွင်းမီဒီယာများတွင် ဖော်ပြသည်။
ဆင်ဟွာ

No comments