ကင်မရွန်းနိုင်ငံ အနောက်မြောက်ပိုင်း ပဋိပက္ခဖြစ်ပွားရာဒေသတွင် ၁၃ ဦး ပြန်ပေးဆွဲခံရ
ယာအွန်ဒေး ဩဂုတ် ၁၂
ကင်မရွန်းနိုင်ငံ၏ ပဋိပက္ခများဖြစ်ပွားနေသော အနောက်မြောက်ပိုင်းဒေသရှိ ဘာတီဘို-မမ်ဖီးလမ်းမ
ပေါ်တွင် ယမန်နေ့က အနည်းဆုံးလူ ၁၃ ဦးကို ပြန်ပေးဆွဲခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများနှင့်
လုံခြုံရေးသတင်းရင်းမြစ်များက ဩဂုတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။
လက်နက်ကိုင်အမျိုးသားများက ခရီးသည်တင်ဘတ်စ်ကားတစ်စီးကို
ရပ်တန့်စေပြီး ကားပေါ်ရှိ လူအားလုံးကို ဆင်းခိုင်းခဲ့သည်။
မျက်မြင်သက်သေများ၏ ပြောကြားချက်အရ တိုက်ခိုက်သူများ သည် ငွေကြေးနှင့်ပစ္စည်းများကို ယူဆောင်သွားပြီးနောက် လူ ၁၃ ဦးကို တောထဲသို့ အတင်းအဓမ္မ
ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းရင်းမြစ်တစ်ခုကပင် ပြန်ပေးဆွဲသူများသည် ဖမ်းဆီးထားသူများကို ပြန်လွှတ်
ပေးရန်အတွက် ပြန်ပေးငွေတောင်းဆိုနေကြောင်း
ပြောကြားခဲ့သည်။
ကင်မရွန်းနိုင်ငံ အနောက်မြောက်ပိုင်းဒေသ၌ ပြန်ပေးငွေတောင်းခံရန် လူများကို ပြန်ပေးဆွဲခြင်းများ မကြာခဏ
ပြုလုပ်လေ့ရှိသည်။
ဆင်ဟွာ

No comments