မိုးနဲမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား U-14 ၊ U-16 နှင့် အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
မိုးနဲ ဩဂုတ် ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ် အားကစားနှင့်
ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား
U-14 ၊ U-16 နှင့် အမျိုးသားအလွတ်တန်းကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲ
ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ ဘောလုံးပြိုင်ပွဲကို
နမ့်စန်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်၊ မိုးနဲမြို့နယ် တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး
တိုးဝင်းဖေ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်ဝင်း၊ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ
အတွင်းရေးမှူး ရဲမှူးသန်းစိုး၊ မြို့နယ်ပညာရေးမှူး ဒေါ်နီလာတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် မြို့နယ်အားကစားနှင့်
ကာယပညာကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး တာဝန်ရှိသူများက အားကစားပစ္စည်းနှင့် ဘင်ခရာ၊ ပန်းဖွားအဖွဲ့ကို
ဂုဏ်ပြုဆုငွေများပေးအပ် ချီးမြှင့်ခဲ့ကြကာ
ဌာနဆိုင်ရာအသင်းနှင့် ချစ်ကြည်ရေးအသင်းတို့ပြိုင်ပွဲကို မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌက ကွင်းအတွင်း
ဘောလုံးကန်သွင်း၍ စတင်ပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)

No comments