စေတုတ္တရာမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်
စေတုတ္တရာ ဩဂုတ် ၃၀
မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များကို အမှတ်(၂၀)ကာကွယ်ရေးပစ္စည်းစက်ရုံရှိ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများအား စက်ရုံရှိခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကွင်းဆင်းဆောင်ရွက်ပေးသည်။
အခမ်းအနားတွင် အမှတ်(၂၀)ကာကွယ်ရေးပစ္စည်းစက်ရုံမှ စက်ရုံမှူး ဗိုလ်မှူးကြီး ဇော်ဝင်းထွန်းက အမှာစကား ပြောကြားသည်။
ထို့နောက် လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID များ ပေးအပ်ပွဲကျင်းပခဲ့ရာ အမှတ်(၂၀) ကာကွယ်ရေးပစ္စည်း စက်ရုံမှ စက်ရုံမှူး ဗိုလ်မှူးကြီး ဇော်ဝင်းထွန်းနှင့် တာဝန်ရှိသူများက ကျောင်းသား ၃၄ ဦး၊ ကျောင်းသူ ၂၈ ဦး စုစုပေါင်း ၆၂ ဦးတို့ထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)

No comments