2027 AFC U 20 Asian Cup အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(K) ခြေစစ်ပွဲစဉ်အား MRTV မှ တိုက်ရိုက် ထုတ်လွှင့်မည်
နေပြည်တော် စက်တင်ဘာ ၃
2027 AFC U 20 Asian Cup အမျိုးသားဘောလုံးပြိုင်ပွဲ၊ ခြေစစ်ပွဲစဉ်
များ၏ အုပ်စု(K)ပွဲစဉ်များအား ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ
၆ ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိပြီး ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင်
ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ စက်တင်ဘာ ၆ ရက် ညနေ ၄ နာရီတွင် မြန်မာအမျိုးသားအသင်းနှင့်
မော်လ်ဒိုက်အမျိုးသားအသင်းတို့ ယှဉ်ပြိုင်ကစားကြပုံများကို ယင်းနေ့ မွန်းလွဲ ၃ နာရီ
၄၅ မိနစ်မှစတင်ပြီး MRTV HD Channel ၊
MRTV Sports Channel နှင့် MRTV Entertainment Channel တို့မှ တိုက်ရိုက်(Live) ထုတ်လွှင့်ပြသမည်ဖြစ်သည်။
သတင်းစဉ်

No comments