AFC Challenge League ပြိုင်ပွဲတွင် မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်း အုပ်စု (E) ၌ ကျရောက်

 


ရန်ကုန်   စက်တင်ဘာ   

၂၀၂၆-၂၀၂၇  ရာသီ   AFC  Challenge   League  ပြိုင်ပွဲ အုပ်စုမဲခွဲရာတွင်   မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းသည် အုပ်စု(E)၌ ကျရောက်ခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းမှာမူ ခြေစစ်ပွဲအောင်မြင်ပါက  အုပ်စု(D) သို့ ကျရောက်မည်ဖြစ်သည်။

ယခုရာသီ   AFC   Challenge League ပြိုင်ပွဲတွင် မြန်မာကလပ်နှစ်သင်း   ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး လိဂ်ချန်ပီယံရှမ်းယူနိုက်တက်အသင်းက  နောက်ဆုံးအဆင့်အုပ်စုမှ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရရှိပြီး League Cup ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းသည် ခြေစစ်ပွဲအဆင့်မှ စတင်ကစားရခြင်းဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် စက်တင်ဘာ ၈ ရက်တွင် လာအိုကလပ် Ezra အသင်းနှင့် အိမ်ကွင်းတစ်ကျော့တည်းကစားရမည်ဖြစ်ပြီး   အနိုင်ရပါက  ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။

နောက်ဆုံးအဆင့် အုပ်စုပွဲစဉ်များကို အရှေ့အာရှဇုန်နှင့် အနောက်အာရှဇုန်ခွဲ၍ ကျင်းပမည်ဖြစ်ပြီး အနောက်အာရှဇုန်တွင် အုပ်စုသုံးခု၊ အရှေ့အာရှဇုန်တွင် အုပ်စုနှစ်ခုပါဝင်ကာ မြန်မာကလပ်များသည် အရှေ့အာရှဇုန်တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အုပ်စုပွဲများကို ၁၈ ရက်မှ ၂၄ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စု(D) ပွဲစဉ်များကို အင်ဒိုနီးရှားနိုင်ငံ၊ အုပ်စု(E) ပွဲစဉ်များကို မြန်မာနိုင်ငံတွင် ကျင်းပမည်ဖြစ်သည်။ အရှေ့အာရှဇုန် အုပ်စုနှစ်ခုတွင် အမှတ်အများဆုံးရရှိသည့် ထိပ်ဆုံးနှစ်သင်းစီမှာ   ဇုန်ကွာတားဖိုင်နယ် တက်ရောက်ခွင့်ရမည်ဖြစ်သည်။

သတင်း - ကိုညီလေး

ဓာတ်ပုံ - စိုးညွန့်သော်

No comments

Powered by Blogger.