ဝါးခယ်မမြို့နယ်သမဝါယမအသင်းစုလီမိတက် နှစ်ပတ်လည်စည်းဝေး

 


ဝါးခယ်မ စက်တင်ဘာ ၂၀

 

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် သမဝါယမ အသင်းစုလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဝါးခယ်မမြို့နယ် သမဝါယမဦးစီးဌာနရုံး၌ ကျင်းပသည်။

 

ဦးစွာ သဘာပတိ ဦးတင်ဝင်းက အဖွင့်အမှာစကားပြောကြားခြင်း၊ တိုင်းဒေသကြီး သမဝါယမ ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထိုက်အောင်က ထပ်ဆင့်အမှာစကား ပြောကြားပြီး မြို့နယ်သမဝါယမဦးစီးအရာရှိ‌ ဒေါ်တူးတူးလွင်က ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ဒါရိုက်တာအဖွဲ့ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းတို့ကို ဖတ်ကြားတင်ပြခြင်း၊ အသင်းစာရင်းစစ် အစီရင်ခံစာ ဖတ်ကြားတင်ပြခြင်း တို့ကို ဆောင်ရွက်ခဲ့ကြသည်။ အသင်းစု၏ ဒါရိုက်တာအဖွဲ့ဝင် အရေအတွက် သတ်မှတ်ခြင်း၊ ဒါရိုက်တာအဖွဲ့ဝင်များနှင့် အသင်းစာရင်းစစ်အဖွဲ့ ရွေးချယ်ခြင်း၊ အတည်ပြုချက်ရယူခြင်း၊ ရွေးချယ်ခံရသည့် ဒါရိုက်တာအဖွဲ့ဝင်များနှင့် အသင်းစာရင်းစစ်များ တာဝန်ခွဲဝေ သတ်မှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

တူးတူးလွင်(သမ)

No comments

Powered by Blogger.