ဖလမ်းမြို့ နေရပ်ပြန်ပြည်သူများအတွက် ကြိုဆိုဂုဏ်ပြုဖျော်ဖြေပွဲ ကျင်းပ
ဖလမ်း စက်တင်ဘာ ၂၀
ချင်းပြည်နယ် ဖလမ်းမြို့ရှိ နေရပ်ပြန်ပြည်သူများအတွက် ကြိုဆိုဂုဏ်ပြုဖျော်ဖြေပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ဖလမ်းမြို့ ကျင်မွာလ်ရပ်ကွက်ရှိ မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပသည်။
ဖျော်ဖြေပွဲတွင် နိုင်ငံကျော် တေးသံရှင် ထူးအယ်လင်းနှင့် ဒေသခံ အဆိုရှင်များက တေးသီချင်းများဖြင့် လည်း ကောင်း၊ ဇာဟောင်ယဉ်ကျေးမှု လူငယ်များက ဝါးညှပ်အက၊ ဇာန်ညက်ယဉ်ကျေးမှု အဖွဲ့က ဇာန်ညက်ရိုးရာ ကောက်သစ်စား ဒေါင်းပွီးအက၊ လိုင်လွန်ဆွန်ထလာ ရွာသားများက အမဲလိုက် အောင်ပွဲခံ အကများဖြင့်လည်းကောင်း၊ ကျောင်းသူများက ခေတ်ပေါ်အကများဖြင့် လည်းကောင်း သီဆိုကပြဖျော်ဖြေကြရာ ဖျော်ဖြေပွဲသို့ ဖလမ်းမြို့ပေါ်နှင့် အနီးအနားကျေးရွာများမှ ဒေသခံ ပြည်သူအများအပြား ပျော်ရွှင်စွာ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါဖျော်ဖြေပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန့်ဇော်လွင်က ဖလမ်းတစ်မြို့နယ်လုံး လူဦးရေ၏ ၇၉ ဒသမ ၇၁ ရာခိုင်နှုန်း နေရပ်ပြန်လာကြပြီဖြစ် ကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင် ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များသည် ဖလမ်းမြို့တွင် အခြေချကာ တီးတိန်မြို့၊ တွန်းဇံမြို့နှင့် ဖလမ်းမြို့ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည်ကို အားလုံး အသိဖြစ်ပါကြောင်း၊ “တိုင်းပြည် တည်ငြိမ်အေးချမ်းမှု ရရှိရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုရရှိရေး” ဆိုသည့် ခေါင်းစဉ်ဖြင့် နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင် မူဝါဒချမှတ်၍ တိုင်းပြည်အေးချမ်း သာယာအောင် ဆောင်ရွက်နေကြောင်း ပြောကြားသည်။
အဆိုပါ ဖျော်ဖြေပွဲကို ဒုတိယဝန်ကြီးဦးဆောင်သည့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ၊ ချင်းပြည် နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဖလမ်းမြို့ ပြန်လည် ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်း ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ နှင့် ဖလမ်းမြို့ ဒေသခံလူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး နေရပ်ပြန်ကာလ လေးလအတွင်း ယခုကဲ့သို့ ဖျော်ဖြေရေးအစီအစဉ် အား အောင်မြင်စွာ ကျင်းပနိုင်ခြင်း သည် နယ်မြေလုံခြုံမှုရှိခြင်းကို ပြသနေကာ နေရပ်ပြန်ပြည်သူများ ၏ စိတ်လုံခြုံမှုလည်း များစွာ ရရှိစေကြောင်း သိရသည်။
နံနက်ပိုင်းကလည်း ဒုတိယ ဝန်ကြီးသည် ဖလမ်းမြို့ မြို့အင်္ဂါရပ် နှင့်အညီ သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှု အားပေးပြီး မုန့်များပေးဝေခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments