မတ္တရာမြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးဆောင်ရွက်

 


မတ္တရာ စက်တင်ဘာ ၂၀

 

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး အသိပညာပေးခြင်းကို ယနေ့နံနက် ၈ နာရီက မြို့မစည်ပင်သာယာဈေး၌ ဆောင်ရွက်ခဲ့သည်။

 

ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြတ်သူနှင့် တာဝန်ရှိသူများက ပလတ်စတစ် ပစ္စည်းများ သုံးစွဲခြင်းမပြုရန်နှင့် ပလတ်စတစ် အစားထိုးပစ္စည်းများဖြစ်သည့် ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူတို့ဖြင့်သာ ထုပ်ပိုးရောင်းချသွားကြရန်၊ အသားနှင့် ငါးများကို ကျန်းမာရေးနှင့် ညီညွတ်စွာ ရောင်းချရန်၊ အလေးချိန်မှန်ကန်စွာ ရောင်းချရန်တို့ကို အသိပညာပေးခြင်း၊ သက်တမ်းလွန် စားသောက်ကုန်များနှင့် စားသုံးရန်မသင့်သည့် စားသောက်ကုန်များ ရောင်းချမှု ရှိ၊ မရှိ စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရွှေရာသား

No comments

Powered by Blogger.