ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု
ဆီဆိုင် စက်တင်ဘာ ၂၀
ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို စက်တင်ဘာ ၁၉ ရက်တွင် တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်သည့် နေရာများ၌ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တာဝန်ရှိသူများက ဆီဆိုင်မြို့နယ် ကုန်းဆွတ်-လာဇရူး-တောင်သာ-တရောက်-ဖာလိုင် လမ်းပေါ်ရှိ ပေ ၂၀၀ သံကူကွန်ကရစ်တံတား (ဒုတိယပိုင်း) တည်ဆောက်နေမှု၊ ဆမ်ဆိုင်-နားကောင်း-နောင်ပွဲ-ကွန်ပိန်း-ဟိုလိုင်း-ဆိုင်လဲလမ်း ကတ္တရာလမ်း ဆောင်ရွက်နေမှု၊ ဘန်းယဉ်-နောင်ခွန်-နားယိန်း လမ်းပေါ်ရှိ ပေ ၄၀ သံကူကွန်ကရစ်တံတား (ပထမပိုင်း) တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
.jpg)
No comments