ကော့မှူးမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

 


ကော့မှူး စက်တင်ဘာ ၆

 

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများကို စက်တင်ဘာ ၅ ရက်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

 

ကွင်းဆင်းစစ်ဆေး

အဆိုပါ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် အဖျောက်- ရွာသာယာလမ်း၊ မဆယ်ဆိပ်-ကိုင်းမစမ်းလမ်း၊ ငှက်‌အော်စမ်း- စမ်း‌ကောက် ကျေးရွာချင်းဆက်လမ်းများ ကျောက်ချောခင်းခြင်း လုပ်ငန်းအတွက် ပစ္စည်းစုဆောင်းခြင်းအား သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (နေပြည်တော်)မှ အင်ဂျင်နီယာချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (မြို့ပြ)၊ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)၊ ကော့မှူးမြို့နယ်ဦးစီးအရာရှိ(မြို့ပြ)၊ အရည်အသွေး စစ်ဆေးရေး အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျော်သူရ(ကော့မှူး)

No comments

Powered by Blogger.