တပ်ကုန်းမြို့နယ်၌ နတ်မသောက်ချောင်းကူးတံတားတည်ဆောက်ရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
တပ်ကုန်း စက်တင်ဘာ ၆
ပြည်ထောင်စုနယ်မြေ နေပြည်တော်တပ်ကုန်းမြို့နယ်၌
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် အုန်းပင်ကျေးရွာအုပ်စုတောင်ပို့သာကျေးရွာနှင့်
သကြားဟင်းအိုးကျေးရွာချင်းဆက် လမ်းပေါ်ရှိ နတ်မသောက်ချောင်းကူးတံတားတည်ဆောက်ရေးအတွက်
စက်တင်ဘာ ၄ ရက်တွင် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့သည်။
ဦးစွာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ
နေပြည်တော်တိုင်း တာဝန်ခံအင်ဂျင်နီယာချုပ်(မြို့ပြ)နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်မှ
တာဝန်ရှိသူများသည် အရှည်ပေ ၃၀
ကွန်ကရစ်တံတားတည်ဆောက်နိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်

No comments