အရောင်းအောင်မြင်မှုပညာ
စာရေးဆရာ ဘရိုင်ယန်ထရေစီ (Brian
Tracy) ရေးသားသည့် SALES SUCCESS ဆိုသည့်စာအုပ်ကို စာရေးဆရာကြည်ရွှန်းက ‘အရောင်းအောင်မြင်မှုပညာ’ အမည်ဖြင့် မြန်မာပြန်ဆိုထားသည့် စာအုပ်ထွက်ရှိလာသည်။
ဤစာအုပ်သည် အရောင်းသမားတစ်ဦးကို အခြေခံအဆင့်ကနေ
ထိပ်တန်းကျွမ်းကျင်သူ အဆင့်ရောက်ရှိသည်အထိ လမ်းညွှန်ပြသပေးမည့် “မြေပုံတစ်ခု” ဖြစ်ပြီး အပိုင်းသုံးပိုင်းဖြင့် စနစ်တကျပြုစုထားသည်။
ပထမပိုင်းသည် အတွင်းစိတ်နှင့် အခြေခံအုတ်မြစ် အပိုင်းဖြစ်ပြီး အရောင်းသမားတစ်ဦးအတွက်
မရှိမဖြစ်လိုအပ် သော အခြေခံစိတ်ဓာတ် (Mindset) နှင့် မိမိကိုယ်ကို စီမံခန့်ခွဲမှု
(Self-Management) တို့ကို အဓိကထား တည်ဆောက်ပေးမည်ဖြစ်၍ အစပျိုးသူများအတွက် အကောင်းဆုံးတွန်းအား
ဖြစ်စေသည်။ ဒုတိယပိုင်းသည် မဟာဗျူဟာနှင့် နည်းဗျူဟာအပိုင်းဖြစ်၍ ပြိုင်ဘက်များကို ကျော်ဖြတ်နိုင်မည့်
အားသာချက်များ၊ ဖန်တီးပုံများ၊ ပရော်ဖက်ရှင်နယ်ဆန်သော အရောင်းမဟာဗျူဟာများ ရေးဆွဲပုံတို့ကို
အသေးစိတ်ဆွေးနွေးတင်ပြ ထားသဖြင့် မိမိ၏ အရောင်း Method များကို အဆင့်မြှင့်တင်ပေးမည်
ဖြစ်သည်။ တတိယပိုင်းသည် အရောင်းအတတ်ပညာနှင့် ဖောက်သည် ဆက်ဆံရေး အပိုင်းဖြစ်ပြီး ဖောက်သည်များ၏စိတ်ကို
ဖမ်းစားပုံ၊ ကန့်ကွက်မှုများကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်ပုံ၊ ဖောက်သည်များ တစ်သက်တာ
လက်တွဲလာစေရန် သစ္စာရှိမှု (Customer Loyalty) တည်ဆောက်ပုံတို့ကို လက်တွေ့ကျကျ လမ်းညွှန်ထားသည်။
အထူးသဖြင့် ကန့်ကွက်မှုများကို ကျွမ်းကျင်လိမ္မာစွာ
ဖြေရှင်းခြင်းအခန်းနှင့် ဝယ်သူဖောက်သည်များ တစ်သက်တာမြဲပါစေ အခန်းတို့သည် မြန်မာ့ဈေးကွက်
လက်ရှိအခြေအနေနှင့် အထူးပင် ကိုက်ညီလှပြီး အရောင်းသမားတိုင်း ဆောင်ထားသင့် သိထားသင့်သောနည်းနာကောင်းများ
ဖြစ်သည်။ ဤစာအုပ်ကို Wisdom House စာအုပ်တိုက်က တန်ဖိုး ငွေကျပ် ၁၅၀၀၀ ဖြင့် ထုတ်ဝေဖြန့်ချိထားသည်။
ကြေးမုံ

No comments