ကျွန်းလှမြို့နယ်တွင် မိုးစပါး ဧက ၃၃၀၀၀ ကျော်စိုက်ပျိုးပြီးစီး အောင်မြင်ဖြစ်ထွန်းလျက်ရှိ



ကျွန်းလှ စက်တင်ဘာ ၉

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင်  မိုးစပါးကို ဒေသရာသီဥတုနှင့် ကိုက်ညီသည့် စပါးမျိုးများရွေးချယ်ပြီး စိုက်နည်းမျိုးစုံဖြင့် စိုက်ပျိုးထုတ်လုပ်ကြရာ ယခုနှစ် မိုးရာသီ၌ မိုးစပါး ဧက ၃၃၀၀၀ ကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

        ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါးစိုက်ပျိုးရန် ၃၅၆၉၆ ဧက လျာထားပြီး လက်ရှိအချိန်အထိ ၃၃၂၆၃ (၉၃ ဒသမ ၁၈) ရာခိုင်နှုန်းစိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။

      “ ကျွန်တော် ဒီနှစ် မိုးရာသီမှာ ဧရာမင်းစပါးမျိုးကို မျိုးစေ့ထုတ်ဖို့ ၃ ဧက စိုက်ပျိုးထားပါတယ်။ စိုက်ပျိုးရာမှာ စိုက်နည်းစနစ်မှန်ကန်ဖို့နဲ့ ကောက်ကွက်ပြည့်မီဖို့ မြို့နယ်စိုက်ပျိုးရးဦးစီးဌာနမှ နည်းပညာများပံ့ပိုးပေးခဲ့ပါတယ်။ အခုအခါ စပါးစိုက်ခင်းမှာ ပထမအကြိမ် ပေါင်းထိုးတမန်းနှိုးဆောင်ရွက်ပြီး အောင်မြင်ဖြစ်ထွန်းနေပါတယ်” တပ်ကုန်းကျေးရွာ တောင်သူ ဦးမင်းနိုင်က ပြောသည်။

            အဆိုပါ မိုးစပါးစိုက်ခင်းများ တစ်ဧက ပန်းတိုင်အထွက်နှုန်းရရှိစေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်း မျိုးသန့်ရရှိရေးဆောင်ရွက်ပေးခြင်း၊ စိုက်နည်းစနစ်မှန်ကန်ရေး ကွင်းသရုပ်ပြခြင်း၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ အချိုးကျရောစပ်ပြီး အချိန်ကိုက်သုံးစွဲရေး ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ

             

No comments

Powered by Blogger.