လော့စ်အိန်ဂျလိစ်မြို့ ဆင်ခြေဖုံးဒေသ၌ ရဟတ်ယာဉ်ပျက်ကျ၊ သုံးဦးသေဆုံး
လော့စ်အိန်ဂျလိစ် စက်တင်ဘာ ၁၆
လော့စ်အိန်ဂျလိစ်မြို့ ဆင်ခြေဖုံးဒေသရှိ ကူးသန်းရောင်းဝယ်ရေးအဆောက်အအုံနှစ်ခုအကြား စက်တင်ဘာ ၁၅ ရက် ညပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွားခဲ့ရာ သုံးဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသအာဏာပိုင်များက ပြောသည်။
ရဟတ်ယာဉ်ပျက်ကျမှုဖြစ်ပွားသည့်
နေရာတွင် သုံးဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးကို ဒေသတွင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း
လော့စ်အိန်ဂျလိစ် မီးသတ်ဦးစီးဌာနက ပြောသည်။ အဆိုပါရဟတ်ယာဉ်သည် လော့စ်အိန် ဂျလိစ်မြို့လယ်ကောင်၏
အနောက်မြောက်ဘက် ၄၀ ကီလီုမီတာခန့်အကွာ ချက်စ်ဝါ့သ်ရပ်ကွက်၌ ဒေသစံတော်ချိန် ည ၇ နာရီဝန်းကျင်တွင် ပျက်ကျခဲ့ခြင်း ဖြစ်သည်။
အခင်းဖြစ်ပွားသည့်နေရာတွင် မီးသတ်သမား စုစုပေါင်း ၅၆ ဦးက ငြှိမ်းသတ်ခဲ့ကြောင်း၊ မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီး အခြားအဆောက်အအုံများသို့ ကူးစက်ပျံ့နှံ့ခြင်းမရှိခဲ့ကြောင်းနှင့်
မီးလောင်မှုကြောင့် မော်တော်ယာဉ်လေးစီးနှင့် သိုလှောင်ကွန်တိန်နာ နှစ်လုံး ထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့သည်။
နောက်ပိုင်းတွင် NBC4 သတင်းဌာနက ၎င်းတို့ရုပ်သံလိုင်း၏
သတင်းရိုက်ကူးရေး ရဟတ်ယာဉ်ဖြစ်ကြောင်းနှင့် သေဆုံးသူများတွင် သတင်းထောက် အယ်လီယာနာ
မော်ရီနိုနှင့် လေယာဉ်မှူး ဂျော့မာစီနီတို့လည်း ပါဝင်ကြောင်း အတည်ပြုခဲ့သည်။
ဆင်ဟွာ

No comments