အာရှအားကစားပြိုင်ပွဲ တက်ဂ်ဘော အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာကစားသမား စောဖရိုင်းဒေး ဆီမီးဖိုင်နယ် တက်ရောက်

 


ရန်ကုန်   စက်တင်ဘာ   ၁၇

ဂျပန်နိုင်ငံက  အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့်   အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲ တက်ဂ်ဘော အားကစားနည်းပထမနေ့ကို  စက်တင်ဘာ ၁၇ ရက်ကပြုလုပ်ရာ  အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာကစားသမား စောဖရိုင်းဒေး ဆီမီးဖိုင်နယ်တက်ရောက်သွားသည်။

အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင်   မြန်မာကစားသမား စောဖရိုင်းဒေးသည်  ကာဂျစ္စတန်ကစားသမား အီဒါဘာကော့ဗ်ကို နှစ်ပွဲပြတ်၊   မွန်ဂိုလီးယားကစားသမား ချင်ဂင်ကို   နှစ်ပွဲပြတ်အနိုင်ရပြီး ကူဝိတ်ကစားသမား အီဒင်ကို နှစ်ပွဲပြတ်၊ အီရတ် ကစားသမား အီလီဂျာလီကို နှစ်ပွဲပြတ်အရေးနိမ့်ခဲ့သည်။ စောဖရိုင်းဒေးသည် နှစ်ပွဲနိုင်၊ နှစ်ပွဲရှုံးဖြင့် နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ပြီး ကွာတားဖိုင်နယ်တွင် အင်ဒိုနီးရှားကစားသမား   ပူထရာကို  နှစ်ပွဲပြတ်အနိုင်ရရှိကာ ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့သည်။ ဆီမီးဖိုင်နယ်ပွဲစဉ်များကို စက်တင်ဘာ ၁၉ ရက်တွင်  ကျင်းပမည်ဖြစ်ပြီး  စောဖရိုင်းဒေးသည် အုပ်စုအဆင့်တွင် အရေးနိမ့်ခဲ့သည့် အီရတ်ကစားသမားနှင့် တွေ့ဆုံနေပြီး ရှုံးကြွေးပြန်ဆပ်နိုင်ရန် ကြိုးပမ်းရမည် ဖြစ်သည်။

မြန်မာတက်ဂ်ဘောအသင်းယှဉ်ပြိုင်မည့် အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲနှင့် နှစ်ယောက်တွဲပြိုင်ပွဲ အုပ်စုပွဲများကို စက်တင်ဘာ ၁၈ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။

သတင်း - ရှိုင်းထက်ဇော်

ဓာတ်ပုံ - MTF

No comments

Powered by Blogger.