တရုတ်-အာဆီယံ နည်းပညာဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ ဒုတိယဝန်ကြီး ဒေါက်တာနေခြည်လဲ့လဲ့သိန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်
နေပြည်တော် စက်တင်ဘာ ၁၇
တရုတ်နိုင်ငံ နန်နင်းမြို့၌ စက်တင်ဘာ ၁၆ ရက်နှင့် ၁၇ ရက် တို့တွင် ကျင်းပသည့် (၁၄) ကြိမ်မြောက် တရုတ်-အာဆီယံ နည်းပညာ လွှဲပြောင်းရေးနှင့် ပူးပေါင်းဆန်းသစ်တီထွင်မှု ဖိုရမ်နှင့် တရုတ်-အာဆီယံ ကုန်စည် ပြပွဲဆိုင်ရာ အခမ်းအနားကို သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာနေခြည် လဲ့လဲ့သိန်း ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ ပါဝင် တက်ရောက်သည်။
စက်တင်ဘာ ၁၆ ရက်က ကျင်းပခဲ့သည့် တရုတ်-အာဆီယံ နည်းပညာ လွှဲပြောင်းရေးနှင့် ပူးပေါင်းဆန်းသစ်တီထွင်မှုဖိုရမ်တွင် ဒုတိယဝန်ကြီးက AI Innovation Cooperation နှင့် စပ်လျဉ်း၍လည်းကောင်း၊ AI နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တရုတ် - အာဆီယံနိုင်ငံများ အကြား AI နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမို မြှင့်တင်နိုင်ရေးအတွက် မြန်မာနိုင်ငံ၏ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များကိုလည်းကောင်း မျှဝေ ဆွေးနွေးပြီး တရုတ်-အာဆီယံ ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်မှုဆုချီးမြှင့်ပွဲ တက်ရောက်ကာ ဆုများပေးအပ်သည်။
ထို့ပြင် ဖိုရမ်နှင့် ဆက်စပ်အခမ်း အနားများတွင် ပါဝင်ပြီး တရုတ်-အာဆီယံဒေသအတွင်း သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ နည်းပညာလွှဲပြောင်း မှုများ တိုးမြှင့်ဆောင်ရွက်ရေးနှင့် နည်းပညာများကို စီးပွားရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် ထိရောက်စွာ အသုံးချနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။
ဖိုရမ်အတွင်း Wuxiang Cloud Valley Co., Ltd. နှင့် Guangxi Institute of Artificial Intelligence တို့ကို သွားရောက်ပြီး Artificial Intelligence နှင့် ဆက်စပ် ခေတ်မီနည်းပညာများ၊ သုတေသန နှင့် လက်တွေ့အသုံးချမှု ဆိုင်ရာလုပ်ငန်းများကို လေ့လာခဲ့သည်။
စက်တင်ဘာ ၁၇ ရက်တွင် ဒုတိယဝန်ကြီးသည် (၂၃) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ဖွင့်ပွဲတက်ရောက်ပြီး အဆိုပါကုန်စည်ပြပွဲအတွင်း ပြသထားသည့် အဆင့်မြင့်နည်းပညာ ဆိုင်ရာပြခန်းများကို လေ့လာကြည့်ရှုကာ နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာ အခြေပြု ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါ ဆွေးနွေးမှုများ မှတစ်ဆင့် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ အကြား သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ၊ နည်းပညာ လွှဲပြောင်းမှုများနှင့် နည်းပညာအသုံးချမှုများ ပိုမို မြှင့်တင်နိုင်ခြင်း၊ Artificial Intelligence အပါအဝင် ခေတ်မီ နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အတွေ့အကြုံနှင့် အသိပညာများ အပြန်အလှန် ဖလှယ်ခြင်းတို့ ဆောင်ရွက်နိုင်ပြီး ဒေသတွင်း နည်းပညာဖွံ့ဖြိုး တိုးတက်မှုမှတစ်ဆင့် စီးပွားရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်သည့် အခွင့်အလမ်းများ ရရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်
%20pho.jpg)
No comments