မန်စီးတီးအသင်း ပရီမီယာလိဂ်အမှတ်ပေးဇယားထိပ်ဆုံး၌ ဆက်လက်ဦးဆောင်ခွင့်ရရှိ
မန်စီးတီးအသင်းဟာ ပရီမီယာလိဂ်ပွဲစဉ်(၅)အဖြစ် စက်တင်ဘာ ၂၀ ရက် ညပိုင်းက ဆန်းဒါးလန်းအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ ဆန်းဒါးလန်းအသင်းကို ငါးဂိုး - သုံးဂိုးဖြင့် အနိုင်ရပြီး ပရီမီယာလိဂ်အမှတ်ပေးဇယားထိပ်ဆုံး၌ ဆက်လက် ဦးဆောင်ခွင့်ရရှိခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ မန်စီးတီးအသင်းအတွက်
သွင်းဂိုးတွေကို ပထမပိုင်းပွဲကစားချိန် ကိုးမိနစ်မှာ အန်ဇိုဖာနန်ဒက်ဇ်ကတစ်ဂိုး၊ ၂၉ မိနစ်မှာ ချာကီကတစ်ဂိုး၊ ၄၃ မိနစ်နဲ့
၅၇ မိနစ်တို့မှာ ဆီမန်ညိုကနှစ်ဂိုး၊ ၈၂ မိနစ်မှာ ဟာလန်းကတစ်ဂိုး အသီးသီးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဧည့်သည်အဖြစ်လာရောက်ကစားခဲ့တဲ့
ဆန်းဒါးလန်းအသင်းအတွက် သွင်းဂိုးတွေကိုတော့ ပထမပိုင်းပွဲကစားချိန် ၁၂ မိနစ်၊ ၃၃ မိနစ်နဲ့ ၅၉ မိနစ်တို့မှာ ဘရော့ဘေးက ဟက်ထရစ် သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
အခုပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် သွင်းဂိုးနှစ်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့
တိုက်စစ်မှူး ဆီမန်ညိုဟာ ချာကီဂိုးသွင်းခွင့်ရရှိရေးအတွက်လည်း ဂိုးဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဆန်းဒါးလန်းအသင်းကို အနိုင်ရရှိခဲ့တာကြောင့်
ပရီမီယာလိဂ်ပွဲစဉ်(၅)ယှဉ်ပြိုင်ကစားပြီးချိန်မှာ
ငါးပွဲစလုံးအနိုင်ရရှိခဲ့လို့ ရမှတ် ၁၅ မှတ်အထိ စုဆောင်းနိုင်ခဲ့ကာ
အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဆန်းဒါးလန်းအသင်းကတော့ မန်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယားအဆင့် (၁၄)နေရာမှာရပ်တည်နေတာ ဖြစ်ပါတယ်။
ငွေကြယ်

No comments