အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲမှ တက်ဂ်ဘောအမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ခင်နှင်းဝေက မြန်မာနိုင်ငံအတွက် ပထမဦးဆုံးရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိ

 


နေပြည်တော် စက်တင်ဘာ ၂၀

ဂျပန်နိုင်ငံ  အိုင်ချီ-နာဂိုယာ မြို့(Nagoya City Higashi Sports Center)တွင်  စက်တင်ဘာ  ၁၇ ရက်မှ ၂၀ ရက်အထိ ကျင်းပလျက်ရှိသည့် အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် မြန်မာနိုင်ငံကိုယ်စားပြု  မြန်မာ့လက်ရွေးစင် တက်ဂ်ဘောအသင်းမှ အားကစားသမားလေးဦးတို့သည် အမျိုးသားတစ်ဦးချင်း၊ အမျိုးသမီးတစ်ဦးချင်း၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Women’s Singles အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲတွင် ခင်နှင်းဝေသည် ပြိုင်ပွဲတစ်လျှောက် ရှုံးပွဲမရှိ အကောင်းဆုံးစွမ်းဆောင်ရည်ဖြင့် မြန်မာနိုင်ငံ အတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူး ရယူပေးနိုင်ခဲ့သည်။

ခင်နှင်းဝေသည် အုပ်စုအဆင့်ပြိုင်ပွဲများ၌ ပွဲစဉ်သုံးပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ ပြိုင်ဘက်အသင်းများကို တစ်ပွဲပြီးတစ်ပွဲ အပြတ်အသတ် ယှဉ်ပြိုင်အနိုင်ယူ၍ သုံးပွဲစလုံးအနိုင်ရရှိခဲ့ပြီး အုပ်စုပထမနေရာဖြင့် နောက်တစ်ဆင့်သို့  တက်ရောက်နိုင်ခဲ့၍  ဆီမီးဖိုင်နယ်ပွဲစဉ်တွင် လက်ဘနွန်အသင်းမှ     အားကစားသမားနှင့်  ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ပွဲပြတ်ဖြင့် အပြတ်အသတ်ထပ်မံအနိုင်ရရှိခဲ့သည်။  ဗိုလ်လုပွဲစဉ်တွင် အင်ဒိုနီးရှားအသင်းမှ   အားကစားသမား   Sumaya   SUMAYA   နှင့် အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ   ပထမပွဲငယ်တွင်  Sumaya SUMAYA က ရမှတ် ၁၂  မှတ်၊   ခင်နှင်းဝေက  ရမှတ် ၁၀ မှတ်ဖြင့် အင်ဒိုနီးရှားအသင်းမှ အားကစားသမားက အနိုင်ရရှိခဲ့သော်လည်း  ဒုတိယပွဲငယ်တွင် ခင်နှင်းဝေသည် အကောင်းဆုံး တန်ပြန်ကစားမှုများဖြင့် အင်ဒိုနီးရှားအသင်းမှ အားကစားသမားကို ရမှတ် ၁၂ မှတ် ၈ မှတ်ဖြင့် ဒုတိယပွဲငယ်တွင် ပြန်လည်အနိုင်ရရှိခဲ့ပြီး တတိယပွဲငယ်တွင် ခင်နှင်းဝေသည် အမှားနည်းစွာဖြင့် တည်ငြိမ်မှုရှိရှိ  ထိချက်မှန်ကန်စွာ အကောင်းဆုံးယှဉ်ပြိုင်ကစားခဲ့ရာ ရမှတ် ၁၂ မှတ် ၉ မှတ်ဖြင့် Sumaya SUMAYA ကို ပွဲပြီးချိန်တွင် ရလဒ်()ပွဲ ()ပွဲဖြင့် အကြိတ်အနယ်ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကာ   မြန်မာနိုင်ငံအတွက်  ပထမဦးဆုံး   ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန်ဖြင့် ဆွတ်ခူးရယူပေးနိုင်ခဲ့သည်။

အလားတူ မြန်မာစံတော်ချိန် မွန်းလွဲ ၁၁ နာရီတွင်  တက်ဂ်ဘော အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ (Teqball Men’s Singles) တတိယလုပွဲ ပွဲစဉ်၌ မြန်မာအသင်းမှ   စောဖရိုင်းဒေးသည် ဖိလစ်ပိုင်အသင်းမှ အားကစားသမား Prince AGUSTIN နှင့် ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ပွဲပြတ်အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံအတွက် ကြေးတံဆိပ်ဆုကို ဆွတ်ခူးရယူပေးနိုင်ခဲ့သည်။

ဆက်လက်ပြီး မွန်းလွဲ ၂ နာရီ မိနစ် ၄၀ တွင် တက်ဂ်ဘောအမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ (Teqball Women’s Doubles Final)ပွဲစဉ်၌ မြန်မာအသင်းမှ ဆုမွန်အောင်နှင့် ဖြူဖြူသန်းတို့အတွဲသည် ထိုင်းအသင်းမှ အားကစားသမား  Suphawadi   WONGKHAMC,   jutatip KUNTATONG တို့အတွဲနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ပထမပွဲငယ်တွင် ထိုင်း အသင်းမှ ရမှတ် ၁၂ မှတ် ၆ မှတ်ဖြင့် လည်းကောင်း၊ ဒုတိယပွဲငယ်တွင် ထိုင်းအသင်းက ရမှတ် ၁၂ မှတ် ၃ မှတ်ဖြင့် မြန်မာအသင်းကို အနိုင်ရရှိခဲ့သည့်အတွက် မြန်မာအသင်းအနေဖြင့် ဒုတိယနှင့်သာ ကျေနပ်နှစ်သိမ့်ခဲ့ရပြီး  မြန်မာတက်ဂ်ဘောအသင်း အနေဖြင့် အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ဒုတိယငွေတံဆိပ်ဆုကိုသာ ဆွတ်ခူးရယူပေးနိုင်ခဲ့သည်။

အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့်   မြန်မာ တက်ဂ်ဘောအားကစားနည်းအနေဖြင့် ရွှေတံဆိပ်တစ်ခု၊  ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခုတို့ကို မြန်မာနိုင်ငံ အတွက် ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူပေးနိုင်ခဲ့ကြောင်းနှင့် စက်တင်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မြန်မာ အမျိုးသမီးဘောလုံးအသင်းအနေဖြင့် တတိယမြောက် အုပ်စုပတ်လည်ပွဲစဉ်အဖြစ် စက်တင်ဘာ ၂၁ ရက်  မွန်းလွဲ ၁ နာရီခွဲတွင် Yanmar  Stadium  Nagai    ဘင်္ဂလားဒေ့ရှ်  အမျိုးသမီးဘောလုံးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.