ပြင်ဦးလွင်မြို့နယ်၌ အသိပညာပေး ဟောပြောပွဲကျင်းပ

 


ပြင်ဦးလွင်  စက်တင်ဘာ  ၂၀

 

ပြင်ဦးလွင်မြို့တွင် ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့  ပူးပေါင်း၍ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ကမ္ဘောဇဆောင်ခန်းမ၌ ကျင်းပသည်။‌

 

ဦးစွာ ပြင်ဦးလွင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့  ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဒေါ်ရွှေမိုးသူဇာက အမှာစကားပြောကြားသည်။

 

ဆက်လက်၍ စာရေးဆရာ ကိုရွှေအောင်သင်းက ကျောင်းသား ကျောင်းသူများအား  လူငယ်ရေးရာ  အသိပညာပေးဟောပြောပြီး တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.