လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ




နေပြည်တော် စက်တင်ဘာ ၂၁


နိုင်ငံ့ထုတ်ကုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေး ထွက်ကုန် အခြေခံသည့် စက်မှုလုပ်ငန်းကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဘဏ္ဍာရေး ဝန်ဆောင်မှုများရရှိရေး၊ ရင်းနှီးမြှုပ်နှံမှုတိုးတက်ရေး၊ နည်းပညာရရှိရေးနှင့် ပြည်ပပို့ကုန် တိုးတက် တင်ပို့နိုင်ရေး ရည်ရွယ်ချက်များဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန် တိုးတက် မှုသို့ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၁) (MICC 1) ၌ ကျင်းပသည်။


အလုပ်ရုံ ဆွေးနွေးပွဲတွင် “လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန် တိုးတက်မှု သို့” အမျိုးသားအဆင့်အလုပ်ရုံ ဆွေးနွေးပွဲ စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး (ငြိမ်း) ဒေါက်တာ မောင်မောင်သိမ်း က ဦးဆောင်၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲတင့်ထွန်း၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွား ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ၊ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း၊ မြန်မာနိုင်ငံ ဒီဂျစ်တယ်စီးပွားရေး ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်ဇေယျာလွင်၊ ဒေါက်တာ မောင်အောင်နှင့် မြန်မာ့ ဩဘာစီးပွားရေးလုပ်ငန်းစု ဥက္ကဋ္ဌ ဦးသတိုးဟိန်းတို့က လယ်ယာ၊ သားငါး၊ စက်မှု၊ စီမံကိန်း၊ ဘဏ္ဍာ ရေးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ကုန် ကဏ္ဍတို့မှ နိုင်ငံ့ထုတ်ကုန်တိုးမြှင့်ရေးအတွက် ကဏ္ဍအလိုက်လက်ရှိ ဆောင်ရွက်မှုအခြေအနေနှင့် ပြုပြင် ပြောင်းလဲမှုဆောင်ရွက်သင့်သည့် အခြေအနေများကို ဆွေးနွေးကြ ပြီး တက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို ပြန်လည် ရှင်းလင်းဖြေကြားကြသည်။


မွန်းလွဲပိုင်းတွင် အလုပ်ရုံ ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ လယ်ယာ(အဓိကသီးနှံ/ စက်မှု သီးနှံ)၊ သားငါး၊ စက်မှု၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ကုန်ကဏ္ဍများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါ်သန်းသန်းလင်း၊ ဒေါက်တာ ရဲတင့်ထွန်း၊ ဒေါက်တာ အောင်ဇေယျနှင့် ဦးမင်းမင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်း ချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် မွေးမြူရေး သုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းနိုင် ထွန်းတို့က ဦးဆောင်သဘာပတိများအဖြစ် ဆောင်ရွက်၍ စာတမ်းရှင်များက ကဏ္ဍအလိုက် စာတမ်း များ ဖတ်ကြားတင်ပြပြီး တက်ရောက် လာကြသူများ၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြား၍ ဦးဆောင်သဘာပတိများက ဆောင်ရွက်သင့်သည့် နည်းလမ်းများကို အကြံပြုဆွေးနွေး ကြသည်။


အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၂၂ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ကဏ္ဍအလိုက် ဆွေးနွေးပွဲများကိုလည်း အစီအစဉ်အတိုင်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.