ဟားခါးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသော နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့် အထူးကုဆရာဝန်ကြီးများက ဆေးကုသမှုဆောင်ရွက်ပေး

 


ဟားခါး စက်တင်ဘာ ၂၁

 

ဟားခါးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသော နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ချင်းပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ချမ်းငြိမ်းမောင် ဦးဆောင်မှုဖြင့် ဟားခါးမြို့ ခုတင် (၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများပါဝင်သော ဆေးကုသမှုအဖွဲ့က ဆေးကုသမှု ဆောင်ရွက်ပေးသည်။

 

ကျန်းမာရေးဝန်ကြီးဌာနနှင့် ချင်းပြည်နယ် အစိုးရအဖွဲ့တို့၏ လမ်းညွှန်ချက်အရ ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ယခုကဲ့သို့ ဟားခါးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကွင်းဆင်း၍ ဆေးကုသပေးခြင်းဖြစ်ပြီး ထိုသို့ ဆေးကုသပေးနေမှုကို ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့နာယက အဖွဲ့ဝင်က သွားရောက်ကြည့်ရှုအားပေးကာ ပင်စင်လာရောက်ထုတ်ယူနေကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.