၂၀၂၆ ခုနှစ် အသက်(၂၅)နှစ်အောက် ကလပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဖူဆယ်ပြိုင်ပွဲ ဖွင့်လှစ်

 


မြစ်ကြီးနား  စက်တင်ဘာ  ၂၈

ပြည်နယ်အားကစားနှင့်   ကာယပညာဦးစီးဌာနနှင့်    ဖူဆယ်ဆပ်ကော်မတီတို့    ပူးပေါင်းကျင်းပသည့်  ၂၀၂၆ ခုနှစ် ကချင်ပြည်နယ် ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် ကလပ်ပေါင်းစုံ (အမျိုးသား/ အမျိုးသမီး)ဖူဆယ်ပြိုင်ပွဲကို   ဒေသတွင်းရှိ    ဖူဆယ်ကလပ်အသင်းပေါင်း  ၃၄ သင်းတို့ပါဝင် ယှဉ်ပြိုင် ကြမည်ဖြစ်ရာ ယနေ့ နံနက်ပိုင်းက အဆိုပါဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့  ငြိမ်းချမ်းသာယာဖူဆယ် အားကစားရုံ၌ ကျင်းပသည်။

ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကားပြောကြား၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

ဆက်လက်၍  ပြည်နယ်ဝန်ကြီးချုပ်၊  ပြည်နယ်တရားလွှတ်တော်  တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်စာရင်းစစ်ချုပ်တို့က ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကလပ်အသီးသီးမှ အမျိုးသားအသင်း  ၂၆ သင်းနှင့် အမျိုးသမီးအသင်း ရှစ်သင်းတို့မှ နည်းပြ၊ အုပ်ချုပ်သူနှင့် အားကစားသမားများအား   ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြသည်။

ထို့နောက် သရုပ်ပြဖျော်ဖြေရေးအဖွဲ့များ၏ ဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က  ပြိုင်ပွဲအတွက် ချီးမြှင့်ထောက်ပံ့ငွေများနှင့် ဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ထောက်ပံ့ ငွေများကို လည်းကောင်း၊ ကချင်ပြည်နယ်စက်သုံးဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ပြိုင်ပွဲအတွက် ချီးမြှင့်ငွေကျပ် သိန်း ၂၀ ကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြကာ အဖွင့်ပွဲစဉ်အဖြစ် နောင်ရာအသင်းနှင့် အောင်မြင်သူအသင်းတို့၏    ယှဉ်ပြိုင်ကစားမှုကို   ဌာနဆိုင်ရာများ၊  ဘောလုံးအားကစား   ဝါသနာရှင်များနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)

No comments

Powered by Blogger.