အင်္ဂပူမြို့နယ်၌ သမဝါယမအသင်းစုလီမိတက်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
အင်္ဂပူ စက်တင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်
သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်
နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ခြင်းကို
ယမန်နေ့က မြို့နယ်သမဝါယမ ဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ သဘာပတိအသင်းဥက္ကဋ္ဌ ဦးဇော်မင်းဦးနှင့်
မြို့နယ်သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မို့မို့ခိုင် တို့က အမှာစကားပြောကြားပြီး
၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်အတွက် လုပ်ငန်းအစီရင်ခံစာနှင့် ဘဏ္ဍာရေး အစီရင်ခံစာအား တင်ပြခြင်း၊
အသင်းသား စာရင်းစစ်အစီရင်ခံစာ တင်ပြခြင်း၊ ရှေ့လုပ်ငန်းစဉ်များ မှတ်တမ်းတင်ခြင်း၊ အတည်ပြု
ခြင်းနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်း တို့ကို ဆောင်ရွက်ကြသည်။
ထို့နောက် အသင်းစု၏ ဒါရိုက်တာ အဖွဲ့ဝင်များနှင့် အသင်းစာရင်းစစ်
အဖွဲ့ရွေးချယ်ခြင်း၊ အတည်ပြုချက်ရယူခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)

No comments