သင်္ဃန်းကျွန်းမြို့နယ်၌ ကောင်းမြတ်ချမ်းသာရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက် အစည်းအဝေးပြုလုပ်
သင်္ဃန်းကျွန်း စက်တင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်
ကောင်းမြတ်ချမ်းသာ ရောင်းဝယ်ရေးသမဝါယမ အသင်းလီမိတက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့်
အမှုဆောင်သစ်ရွေးချယ်ပွဲကို သင်္ဃန်းကျွန်းမြို့နယ် သမဝါယမဦးစီးဌာနရုံး၌ ယမန်နေ့မွန်းလွဲ
၁ နာရီက ကျင်းပသည်။
အခမ်းအနားတွင် အသင်းဥက္ကဋ္ဌ ဦးမိုးစက်က
သဘာပတိအဖြစ် ဆောင်ရွက်ပြီး သင်္ဃန်းကျွန်းမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်စိုးက
အမှုဆောင်သစ်ရွေးချယ်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း
သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments