ထန်းတပင်မြို့နယ်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
ရန်ကုန် စက်တင်ဘာ ၂
(၆၂) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို
ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီခရိုင် ထန်းတပင်မြို့နယ် အမှတ်(၁)
ရပ်ကွက်ရှိ မြသိန်းတန်ဘုရားကြီး ပရိယတ္တိစာသင်တိုက်တွင် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို
ထန်းတပင်မြို့နယ် ရဲတပ်ဖွဲ့က ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်သည်။
မှော်ဘီခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး
ငွေတင်၊ ထန်းတပင်မြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သူလွင် ဦးဆောင်၍
ရဲတပ်ဖွဲ့ဝင်များက မြသိန်းတန်ဘုရားကြီး ပရိယတ္တိစာသင်တိုက် ကျောင်းဝင်းအတွင်းရှိ ချုံနွယ်များနှင့်
အမှိုက်များကို စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)

No comments