မကွေးမြို့နယ် မဏ္ဍိုင်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်း နှစ်ပတ်လည်စည်းဝေး
မကွေး စက်တင်ဘာ ၂
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် မဏ္ဍိုင်အထွေထွေစီးပွားရေးလုပ်ငန်း
သမဝါယမအသင်း၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို တိုင်းဒေသကြီး
သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။
ရှင်းလင်းပြောကြား
ဦးစွာ မဏ္ဍိုင်အထွေထွေစီးပွားရေးလုပ်ငန်း
သမဝါယမအသင်းဥက္ကဋ္ဌ သဘာပတိ ဦးဘုန်းမြင့်ထွန်းက တစ်နှစ်အတွင်း ရရှိခဲ့သော ဝင်ငွေ၊ အသုံးစရိတ်များ၊
ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် အမှုဆောင် ဒါရိုက်တာအဖွဲ့၏
လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ၊ အသင်း စာရင်းစစ်အဖွဲ့၏ အစီရင်ခံစာများနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို
တာဝန်ရှိသူများက ရှင်းလင်း ပြောကြားပြီး အသင်းတွင် လစ်လပ်သွားသည့် အမှုဆောင်နေရာတွင်
အသင်းသားများ ဆန္ဒနှင့် ရွေးချယ်ဆောင်ရွက်ခဲ့ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် အသင်းသား
၈၇ ဦး၏ စုဆောင်းငွေအပေါ် အတိုးကျပ် ၃၇ ဒသမ ၈၃၃၂ သိန်း ထုတ်ပေးခဲ့ပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ
ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)

No comments