လေးမျက်နှာမြို့နယ် အမက(မြစ်ကျိုး) ပြန်လည်ဖွင့်လှစ်နိုင်ရေး သန့်ရှင်းရေးဆောင်ရွက်

 


လေးမျက်နှာ စက်တင်ဘာ ၁၀

 

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် အမှတ်(၅)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း (မြစ်ကျိုး)၌ ယမန်နေ့ နံနက်ပိုင်းကသန့်ရှင်းရေးဆောင်ရွက်သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဦးဆောင်မှုဖြင့် တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စာသင်ခန်းများအတွင်း ရွှံ့နွံများဖယ်ရှားခြင်း၊ စာရေးခုံ၊ ထိုင်ခုံနှင့် စားပွဲများကို စက်ပစ္စည်းများ အသုံးပြုကာ သန့်ရှင်းရေးဆောင်ရွက်ခဲ့ပြီး ကျောင်းတွင်းကျောင်းပြင် သန့်ရှင်းရေးလုပ်ငန်းများ၊ ကျောင်းသန့်ရှင်းသာယာ‌ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဧရာဦးသာ

No comments

Powered by Blogger.