သမဝါယမကောလိပ်(မန္တလေး)အာစရိယပူဇော်ပွဲ ကျင်းပ

 


ပုသိမ်ကြီး စက်တင်ဘာ ၁၀

 

၂၀၂၅-၂၀၂၆ ပညာသင်နှစ် သမဝါယမကောလိပ်(မန္တလေး)၏ အာစရိယပူဇော်ပွဲကို ယနေ့နံနက်ပိုင်းက သမဝါယမကောလိပ်(မန္တလေး) ရန်ကင်းခန်းမ၌ ကျင်းပပြီး ကျောင်းအုပ်ကြီး၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် ဆရာ ဆရာမများ တက်ရောက်ကြရာ ကျောင်းသား ကျောင်းသူများက မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ပူ‌ဇော်ကန်တော့ကြသည်။

 

ထို့နောက် စာစီစာကုံးပြိုင်ပွဲတွင် ဆုရကျောင်းသား ကျောင်းသူများအား ‌ကျောင်းအုပ်ကြီး၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တွဲဖက်ပါမောက္ခများက ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.