သမဝါယမကဏ္ဍမှ ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေး

 


မှော်ဘီ စက်တင်ဘာ ၁၀

 

မှော်ဘီမြို့နယ် သမဝါယမဦးစီးဌာနတွင် သမဝါယမကဏ္ဍက ဆောင်ရွက်နေသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းများ၊ လူမှုစီးပွားမြှင့်တင်ရေး (သက်တံရောင်) စီမံကိန်းနှင့် သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေးစနစ်နှင့်ပတ်သက်၍ စီမံကိန်းလုပ်ငန်းစဉ်များ ရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမအသင်းစုရုံး၌ ကျင်းပသည်။

 

ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်က အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိက သမဝါယမကဏ္ဍမှ ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ကောင်းမြတ်သူ(မှော်ဘီ)

No comments

Powered by Blogger.