မင်းတုန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ငလျင်သဏ္ဌာန်တူ ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်



မင်းတုန်း စက်တင်ဘာ ၂၈


မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်ဦးစီးမှူး ဦးဟန်ဇာကျော်နှင့် ဝန်ထမ်းများက ငလျင်သဏ္ဌာန်တူ ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခဲ့သည်။


ထို့နောက် ငလျင်လှုပ်ခတ်ပါက အချက်ပေးသံထုတ်လွှင့်ပြီး နှစ်ထပ် စာသင်ဆောင်မှ ကျောင်းသား ကျောင်းသူများကို အဆောက်အအုံအပြင်သို့ စနစ်တကျ အမြန်ထွက်ခွာစေခြင်း၊ အဆောက်အအုံမီးလောင်ခြင်း အတွက် မီးငြှိမ်းသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်ခြင်း၊ အဆောက်အအုံအတွင်း ပိတ်မိသူများနှင့် အဆောက်အအုံအမြင့်တွင် ပိတ်မိသူများအား ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများဖြင့် ရှာဖွေကယ်ဆယ်ခြင်း၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ပရဟိတအသင်းအဖွဲ့ဝင်များက ရှေးဦးသူနာပြုစုခြင်း တို့ကို ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။


ချင်းကလေး(NRDC)

No comments

Powered by Blogger.